Local News

မန္တလေးကုန်စည်ဒိုင်တွင် ၂၀၂၂ခုနှစ် ဇွန်လဒုတိယပတ်၌ မြေပဲလုံးဆံများဈေးနှုန်းမြင့်တက်လာ

Last Updated:

မြေပဲလုံးဆံကို တရုတ်ဈေးကွက်မှဝယ်ယူမှုရှိခြင်း၊ ရန်ကုန်ဝယ်လက်မှလည်းပုံမှန်ဝယ်ယူလျှက်ရှိခြင်းတို့ကြောင့်ဈေးနှုန်းမြင့်တက်လာခဲ့သည်။ ဈေးကွက်လက်ကျန်နည်းနေကြောင်းလည်းသိရသည်။ S1ဆီဆံကိုလည်း ဆီစက်သမားများမှ ပုံမှန်ဝယ်ယူလျှက်ရှိသည်။ ရန်ကုန်ဝယ်လက်နှင့် ဆီစက်သမားမှဝယ်ယူလျှက်ရှိကြောင်းသိရသည်။

မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၄၄၀၀မှ ၄၅၀၀၊ ယခင်တစ်ပတ်ကျပ် ၄၀၀၀မှ ၄၁၅၀၊ ယခင်လကျပ် ၃၉၀၀မှ ၄၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၅၀မှ ၄၀၀၊ ယခင်လထက်ကျပ် ၅၀၀မြင့်တက်လာသည်။

မြေပဲလုံးဆံ(နီ)တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၄၃၀၀မှ ၄၃၅၀၊ ယခင်တစ်ပတ်ကျပ် ၃၈၀၀မှ ၃၉၅၀၊ ယခင်လကျပ်၃၇၅၀မှ ၃၈၅၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၄၀၀မှ ၅၀၀၊ ယခင်လထက်ကျပ် ၅၀၀မျ ၅၅၀ မြင့်တက်လာသည်။

S1ဆီဆံတစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၄၂၀၀မှ ၄၃၀၀၊ ယခင်တစ်ပတ်ကျပ် ၃၈၀၀မှ ၄၀၀၀၊ ယခင်လကျပ် ၃၆၅၀မှ ၃၈၅၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၀၀မှ ၄၀၀၊ ယခင်လထက်ကျပ် ၄၅၀မှ ၅၅၀ မြင့်တက်လာသည်။

Category: Local News